စက်ရုပ်များဟာ ကုန်ထုတ်စွမ်းအား တိုးတက်စေတဲ့ အတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဒါပေမယ့် လာမယ့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ လူသားတွေရဲ့ အလုပ်အကိုင်များဟာ စိုးရိမ်စရာ ဖြစ်လာပါတယ်။ စီးပွားရေး ပညာရှင် Mariano Mamertino က ကမ္ဘာ့ နံပါတ်တစ် အလုပ်အကိုင် ဝက်ဆိုက် Indeed မှ ဒေတာများကို အခြေခံ၍ စက်ရုပ်များ မလုယူနိုင်မယ့် သေချာတဲ့ အနာဂတ် အလုပ်အကိုင်များကို ရွေးချယ်ပေးလိုက်ပါတယ်။ ဖော်ပြထားတဲ့ လစာများကတော့ Indeed နဲ့ အလုပ်အကိုင် ဝက်ဆိုက် တစ်ခု ဖြစ်တဲ့ Glassdoor မှ ပျမ်းမျှ လစာများ ဖြစ်ပြီး လစာအနည်းဆုံးကနေ အများဆုံးကို အစဉ်လိုက်ဖော်ပြထားပါတယ်။
စားဖိုမွူး
ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၁၈ ၇၃၀
လူတွေဟာ အရသာ အသစ်များကို ခံစားချင်တဲ့အတွက် စားသောက်ဆိုင်များကို သွားနေဦးမှာ ဖြစ်ပါတယ်။ အစားအစာအသစ်များကို စားဖိုမှူးများကသာ ဖန်တီးနိုင်ပြီး စက်ရုပ်များက ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ ဗြိတိန်မှာ စားဖိုမှူး အလုပ်အကိုင် အခွင့်အလမ်းများ များပြားနေပါတယ်။ Indeed ဝက်ဆိုက်မှာ စားဖိုမှူး အလုပ်ကို ခေါ်ယူနေမှုဟာ ရက်ပေါင်း ၆၀ ကျော် ကြာမြင့်တဲ့တိုင်အောင် အလုပ်လျှောက်သူ မရှိကြပါဘူး။
Marketing , Communication & Design
ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၂၅ ၀၀၀ ဝန်းကျင်
စက်ရုပ်များက တီထွင်ဖန်တီးမှု အသစ်များကို ပြုလုပ်ရာမှာ မကျွမ်းကျင်ကြသေးပါဘူး။ အဲဒီအတွက် တီထွင်ဖန်တီးရတဲ့ အလုပ်များက အနာဂတ်မှာ သေချာစေပါတယ်။ အဲဒီအတွက် ဈေးကွက်မှာ ပေါက်ဖို့ အိုင်ဒီယာ အသစ်များ ဖန်တီးနေရတဲ့ Marketing သမားများ၊ လူများနဲ့ ဆက်သွယ်ဆောင်ရွက်နေရသူများနဲ့ ဒီဇိုင်နာများဟာ စက်ရုပ်များကို သိပ်ကြောက်ဖို့ မလိုပါဘူး။
သူနာပြု ဆရာ၊ ဆရာမများ
ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၂၆ ၃၈၀
လူများနဲ့ ဆက်သွယ်ဆောင်ရွက်ရတဲ့ အလုပ်များကို စက်ရုပ်များက မပြုလုပ်နိုင်ကြသေးပါဘူး။ သူနာပြု ဆရာ၊ ဆရာမများဟာ လူနာများနဲ့ ဆက်ဆံရာမှာ အလွန် ဂရုစိုက်ကြရပါတယ်။ အဲဒီ အလုပ်မျိုးကို လုပ်နိုင်တဲ့ စက်ရုပ် မပေါ်သေးပါဘူး။ ဗြိတိန်မှာ သူနာပြု အလုပ်အကိုင် များစွာ လိုအပ်နေပါတယ်။
ပညာရေး
ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၂၈ ၆၆၄
ဆရာ လိုအပ်ချက်ဟာ အမြဲတမ်းများနေတယ်လို့ Indeed က ပြောပါတယ်။ နိုင်ငံခြားမှ ပညာသင်ကြားသူများ ရှိတဲ့အတွက် အထူးသဖြင့် ဘာသာစကား သင်ကြားပေးတဲ့ ဆရာများဟာ အရေးကြီးကြပါတယ်။ ဒီလို အလုပ်မျိုးလုပ်ပေးနိုင်တဲ့ စက်ရုပ် မပေါ်သေးပါဘူး။ ဗြိတိန်မှာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဆရာ အလုပ်အကိုင် ၅ ရာခိုင်နှုန်း တိုးတက် ခေါ်ယူလာကြပါတယ်။
ဆိုက်ဘာ လုံခြုံရေး ကျွမ်းကျင်သူ
ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၃၀ ၀၀၀ ဝန်းကျင်
Indeed ရဲ့ စစ်တမ်းအရ ဗြိတိန်ဟာ ကမ္ဘာမှာ ဆိုက်ဘာ လုံခြုံရေး ကျွမ်းကျင်သူများကို အလုပ်ခေါ်ယူမှု တတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ လန်ဒန်မှာတင် ဆိုက်ဘာ လုံခြုံရေး အဖွဲ့အစည်းများစွာ ရှိပါတယ်။ အလုပ်ခေါ်ယူမှု များပြားနေပေမယ့် လုံလောက်တဲ့ ပညာရှင်များကို မရရှိကြသေးပါဘူး။ လွန်ခဲ့တဲ့ ၁၈ လအတွင်းမှာ Indeed မှာ ဆိုက်ဘာ လုံခြုံရေး အလုပ်အကိုင် ခေါ်ယူမှု ၁၈ ရာခိုင်နှုန်း မြင့်မားခဲ့ပါတယ်။ အဲဒီအလုပ်ကို စက်ရုပ်များ မလုပ်နိုင်သေးပါဘူး။
လူသား အရင်းအမြစ်
ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၃၆ ၀၀၀ ဝန်းကျင်
ကုမ္ပဏီအတွက် သင့်တော်တဲ့ ဝန်ထမ်းများကို ရှာဖွေပေးရတဲ့ အလုပ်ကလည်း အလွန် အရေးပါပါတယ်။ လူတွေရဲ့ စိတ်ခံစားမှုနဲ့ စွမ်းရည်ကို လေ့လာအကဲခတ်နိုင်တဲ့ အလုပ်ကို စက်ရုပ်များ မလုပ်နိုင်ကြသေးပါဘူး။
Delivery or Logistics Management
ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၄၃ ၄၃၅
လွန်ခဲ့တဲ့ နှစ်များအတွင်းက Drone များဟာ သယ်ယူပို့ဆောင်ရေး နယ်ပယ်ကို အုပ်စိုးတော့မယ်ဆိုတဲ့ စကားများ ကြားခဲ့ရပါတယ်။ ဒါပေမယ့် လူများစွာ၊ ပစ္စည်းများစွာ ၊ ကိရိယာများစွာ ပါတဲ့ ရှုပ်ထွေးတဲ့ အလုပ်များစွာကို ပေါင်းစည်း လုပ်ကိုင်နေရတဲ့ Logistics ကဏ္ဍမှာတော့ လူသားများ လိုအပ်နေဦးမှာပါ။ Indeed ရဲ့ အဆိုအရ Delivery Driver အလုပ်အကိုင်များဟာ အမြဲလိုအပ်နေတယ်လို့ သိရပါတယ်။
Data Scientist
ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၅၅ ၇၆၅
Indeed ရဲ့ အဆိုအရ ဗြိတိန်မှာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း Data Scientist အလုပ်များကို ခေါ်ယူမှုဟာ ၅၄ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ပြောပါတယ်။ ဒီပညာရပ်ကို စိတ်ဝင်စားလာသူ များပြားလာတာနဲ့ အမျှ အလုပ်အကိုင် ခေါ်ယူမှုလည်း များပြားလာပါတယ်။ Data Scientist များဟာ သူတို့ရဲ့ သိပ္ပံပညာ ကျွမ်းကျင်မှုနဲ့ စွမ်းရည်ကို ပေါင်းစပ်၍ အသုံးဝင်တဲ့ ဒေတာများကို ရှာဖွေ ဖော်ထုတ်ရတာ ဖြစ်ပါတယ်။
Gig Worker or Freelancer
Gig Worker ဆိုတာက ကာလတို အလုပ်များနဲ့ Freelance အလုပ်များ ဖြစ်ပါတယ်။ Uber မှာ အချိန်ပိုင်း ကားမောင်းတဲ့ လူများလည်း ပါဝင်ပါတယ်။ ဒီလို အလုပ်အကိုင်များဟာ များစွာ ပေါ်ထွက်လာနေပြီး အလုပ်သမားများဟာ လိုအပ်ရင် လိုအပ်သလို အလုပ်လုပ်ကြရပါတယ်။ ဒီလို Flexibility စွမ်းရည်မျိုး စက်ရုပ်များမှာ မရှိကြပါဘူး။ ဗြိတိန်မှာ အချိန်ပိုင်း အလုပ်များ၊ Freelance အလုပ်များကို ရှာဖွေသူ များပြားလာနေပါတယ်။
ref : businessinsider

No comments:
Post a Comment