မိခင်ရဲ့ သားအိမ်အတွင်းမှာ ရှိနေစဉ်မှာ ကလေးငယ်ရဲ့ ကျောရိုး ခွဲစိတ်မှု အောင်မြင်


Spina Bifida လို့ ခေါ်တဲ့ ကျောရိုးဆိုင်ရာ မူမမှန်မှုအတွက် မိခင်ရဲ့ သားအိမ်အတွင်းမှာ ရှိနေစဉ်မှာ ကလေးငယ်ရဲ့ ကျောရိုးကို ခွဲစိတ်မှု နှစ်ခု အောင်မြင်ခဲ့ပါတယ်။ ဒါဟာ ဗြိတိန်မှာ ပထမဆုံး ခွဲစိတ်မှု ဖြစ်ပါတယ်။ အရင်တုန်းကတော့ ကလေး မွေးပြီးမှသာ ခွဲစိတ်မှု ပြုလုပ်ကြရတာ ဖြစ်ပါတယ်။


ဆေးပညာရှင် ၃၀ ပါတဲ့အဖွဲ့ဟာ လန်ဒန်ရှိ University College Hospital မှာ မိနစ် ၉၀ ကြာ ခွဲစိတ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုဟာ ကလေးအတွက် သာမက မိခင်အတွက်ပါ အန္တရာယ် ရှိပါတယ်။ ဒီလို ခွဲစိတ်မှုမျိုးကို အမေရိကန်နဲ့ သြစတြေးလျမှာ အရင်ကတည်းက ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဗြိတိန်မှာတော့ နောက်ကျနေတာပါ။

Spina Bifida ဟာ ကျောရိုး အရိုးငြမ်းနဲ့ အမြှေးပါးများ မဖွံ့ဖြိုးတဲ့ အတွက် ကျောရိုးဟာ အနောက်ဘက်ကို ကိုင်းညွှတ်တဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဗြိတိန်မှာ ကလေး ၁၀၀၀ မှာ ၁ ယောက်ဟာ ဒီဝေဒနာ ပါလာပါတယ်။ ဒါဟာ မျိုးရိုးဗီဇနဲ့ သက်ဆိုင်မယ်လို့ ထင်ရပြီး ဖောလစ် အက်ဆစ် သောက်သုံးမှု နည်းပါးခြင်းကြောင့်လည်း ဖြစ်ပါတယ်။

မိခင်ရဲ့ သားအိမ်အတွင်းမှာ ရှိစဉ်ကပင် ကျောရိုး ခွဲစိတ်ခဲ့ရတဲ့ ကလေးများဟာ အခုဆိုရင် လူလားမြောက်တဲ့ အရွယ်ရောက်နေသူများတောင် ရှိနေပါပြီ။

Ref : sciencealert

No comments:

Post a Comment