ထိုင်းရောက်မြန်မာလုပ်သားများကို လုံခြုံရေး အကြောင်းပြပြီး ထိုင်းရဲဆက်လက်ဖမ်းဆီး၊ ဧည့်စာရင်းအကြောင်းပြ၍ ဒဏ်ငွေရိုက်


ထိုင်းရောက်မြန်မာလုပ် သားများကို လုံခြုံရေးစီမံချက်အ ကြောင်းပြကာ ထိုင်းရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးဖမ်းဆီးနေပြီး ဧည့်စာရင်းမတိုင်သူများကို ဒဏ် ငွေရိုက်ကြောင်း ထိုင်းရောက် မြန်မာလုပ်သားများအရေးကူညီ ပေးနေသော မြန်မာအဖွဲ့အစည်း များက ပြောသည်။
ထိုင်းအစိုးရသည် အမျိုး သားလုံခြုံရေးစီမံချက်အရဟုဆို ကာ စာရွက်စာတမ်းအထောက် အထားပြည့်စုံသော မြန်မာလုပ် သားများအပါအဝင် မြန်မာလုပ် သားအားလုံးကို စုရုံး၍ ရာဇဝတ် သားပုံစံဖြင့် စစ်ဆေးနေကြောင်း မြန်မာအဖွဲ့အစည်းများက ပြော သည်။
ထို့အပြင် ထိုင်းဥပဒေအရ ဧည့်စာရင်းမတိုင်သော မြန်မာ လုပ်သားများကို ဒဏ်ငွေဘတ် နှစ်ထောင်(ကျပ်တစ်သိန်းခန့်) မှ ဘတ်တစ်သိန်း(ကျပ်ငါးသိန်းခန့်)အထိ ဒဏ်ငွေရိုက်နေကြောင်း မြန်မာအဖွဲ့အစည်းများက ပြော သည်။
လက်ရှိတွင် မဲဆောက်မြို့၌ တစ်ရက်လျှင် မြန်မာလုပ်သား ၄၀ ခန့်ဖမ်းဆီးခံနေရကြောင်း မဲ ဆောက်မြို့အခြေစိုက်ထိုင်းနိုင်ငံ လုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအ လုပ်သမားကွန်ရက်(MMNT)အ တွင်းရေးမှူး ဦးမိုးကြိုးက ပြော သည်။
‘‘ထိုင်းတပ်မတော်က အမျိုး သားလုံခြုံရေးကို တင်းကျပ်နေ တာ။ မြန်မာလုပ်သားတွေငှား ရမ်းနေထိုင်တဲ့အိမ်ရှင်ရဲ့ အ ထောက်အထားအပြည့်အစုံကို ဧည့်စာရင်းတိုင်ရမယ်ပေါ့။ ဧည့် စာရင်းက အိမ်ရှင်တွေကတိုင်ရ မှာဖြစ်တယ်။ အဲဒါကို အိမ်ရှင်ကို မရိုက်ဘူး။ ရွှေ့ပြောင်းလုပ်သား တွေပဲ ရိုက်နေတာ’’ ဟု ၎င်းက ပြောသည်။
‘‘မြန်မာလုပ်သားတွေ အ များဆုံးရှိတဲ့ ရပ်ကွက်ကြီးတွေမှာ စစ်ဆေးနေတာပေါ့။ အမှန်အ ကန်နေထိုင်တဲ့သူတွေကိုလည်း ကောင်းကောင်းမဆက်ဆံဘူး။ အဲဒီလိုစစ်ဆေးနေတာကိုတော့ မြန်မာအစိုးရက ကန့်ကွက်သင့် တယ်’’ ဟု မဟာချိုင်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအခွင့် အရေးကွန်ရက်(MWRN)ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။
ထိုင်းနိုင်ငံအစိုးရသည် တ ရားမဝင်ရွှေ့ပြောင်းလုပ်သားများ ကို ဖမ်းဆီးစစ်ဆေးရာ ယခုလအ တွင်း မြန်မာလုပ်သား ၂,၅၀၀ ကျော် ဖမ်းဆီးခဲ့ကြောင်း မြန်မာ အဖွဲ့အစည်းများက ပြောသည်။ အောက်တိုဘာ ၂၀ ရက်က မဟာ ချိုင်နယ်မြေတွင် ရာနှင့်ချီသော မြန်မာလုပ်သားများကို ထိုင်းရဲ တပ်ဖွဲ့က စစ်ဆေးခဲ့သည်။

No comments:

Post a Comment