October 13, 2018
နိုင်ဝင်ဘာလ (၃) ရက်နေ့တွင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဟုဆိုပြီး ထင်းရှုးပင် အများအပြားရှင်းလင်းခုတ်ထစ်ခံရကြောင်း ဒေသခံများက ပြောကြားသည်။
ရဟတ်ယာဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဖြစ်သည့်အတွက်ကြောင့် ရဟတ်ယာဉ်ဆင်းသက်ဖို့ အနှောက်ယှက်မဖြစ်အောင် ဘော်လုံးကွင်းဘေးဝန်းကျင်ရှိထင်းရှုးပင်များကို အခုလိုရှင်းလင်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“ထင်းရှုးပင်တွေ မခုတ်ရင်လည်း ရဟတ်ယာဉ်ကတော့ဆင်းနိုင်မှာပါ၊ တာဝန်ရှိသူများက အတင်းခိုင်းလို့ ခုတ်ရတာပါ၊ အရင်ကလည်း ရဟတ်ယာဉ်ဆင်းဖူးပါတယ်၊ တစ်ပင် နှစ်ပင်လောက်ခုတ်တာတော့ဘာမှ မဖြစ်ပါဘူး၊ အခုတော့ အကုန်လုံးကိုခုတ်ပစ်တာ၊ ထင်းရှုးပင်တွေခုတ်ဖို့စီစဉ်တုန်းကလည်း မြို့ခံတွေကိုအကြောင်းကြားခြင်း မရှိဘူး” လို့ ကန်ပက်လက်မြို့ခံ တစ်ဦးကပြောပြသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်တွင် ကန်ပက်လက်နဲ့ မတူပီမှာ လစ်လပ် မဲဆန္ဒနယ်နှစ်ခုရှိပြီး ယင်းနှစ်နေရာတွင် NLD ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီမှာ ကန်ပက်လက်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်ဟု သတင်းထွက်ရှိနေပါတယ်။



No comments:
Post a Comment