ယမန်နေ့ နံနက် ၁၁ နာရီ တွင် ပါဟမ်းပြည်နယ် ကင်မရွန်းဟိုက်လန်းဒေသ၌ ဖြစ်ပွားသော မြေပြိုမှုအတွင်း အသက် (၂၃) နှစ်အရွယ် ချင်းတိုင်းရင်းသား အောင်သွန်း၊ ၎င်း၏ ဇနီး (၂၃) နှစ်အရွယ် နိုင်ဗိုင်နှင့် (၃၄) နှစ်အရွယ် ရခိုင်တိုင်းရင်းသူ မအေးအေးမူတို့ သေဆုံးခဲ့သည်။
ကုန်းမြင့်တစ်နေရာတွင် မြေ ပြိုကျမှုဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူများသည် အောက်ဘက်ရှိ အမိုးအကာတစ်ခုအတွင်း နေထိုင် သဖြင့် ပြိုကျသည့် မြေကြီးများအောက်မြုပ်ကာ သေဆုံးခဲ့ကြောင်း ပါဟမ်းပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးက မလေးရှားအခြေစိုက် The Star သတင်းဌာနအား ပြောသည်။
မြန်မာလုပ်သားများနေထိုင် သော တဲသည် မြေပြိုကျမှုအတွင်းလုံးဝပျောက်ဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။
သေဆုံးသူများသည် အဆိုပါဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်သူများဖြစ်ပြီး ယခုရက်ပိုင်းအတွင်း မလေးရှား၌ မိုးများနေကြောင်း မလေးရှား ရောက်မြန်မာလုပ်သားများအရေး ကူညီပေးနေသော ကိုချစ်ကောင်းက ပြောသည်။
ရုပ်အလောင်းများကို စစ် ဆေးနိုင်ရန် တာနာရာတာဒေသရှိ တန်နာဟာဂျာကယ်လ်ဆွမ်ဆေးရုံသို့ ပို့ဆောင်ထားသည်။
By nyein chan

No comments:
Post a Comment